Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Thursday, March 15, 2012

တရားရှိ .... မရှိ တိုင်းတာနည်း

~~~~~~~~ တရားရှိ .... မရှိ တိုင်းတာနည်း ~~~~~~~~

တရားမရှိသူက ယူရတာကို ပျော်တယ် ......

တရားရှိသူက လှူရတာကို ပျော်တယ် .......

တရားမရှိသူက ငါကောင်းစားဖို့လှူတာ .....

တရားရှိသူက လောကကောင်းစားဖို့လှူတာ ........

တရားမရှိသူက လူအထင်ကြီးဖို့လှူတာ .......

တရားရှိသူက လောဘကုန်ဖို့လှူတာ .........

တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာလှူတယ် .....

တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူတယ် .....

တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူတယ် .........

တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူတယ် .....

တရားမရှိသူက လှူတာနည်းတယ် ...... မျှော်လင့်ချက်ကများတယ် .....

တရားရှိသူက လှူတာကများတယ် .... မျှော်လင့်ချက် ဘာမှမထားဘူး ..... ။

မေတ္တာရှင် ( ရွှေပြည်သာ ) ရှင်ဇ၀န

Thursday, December 15, 2011

တရားထိုင်ခြင်း နှင့် ကျန်းမာရေး

တရာစခန်းဝင်ပြီး တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ့်သူတွေအနေနဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း-ပျက်ခြင်းဆိုတဲ့ မမြဲတဲ့ အနိစ္စသဘောကို သိမြင်နိုင်ရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါကြောင်း ကျန်းမာရေးရှုထောင့်ကနေ ဖော်ပြပေးလိုက်ပါတယ်။
တရားထိုင်ခြင်း ဆိုသည်မှာ---
တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ အတိုင်းအဆမရှိ၊ လွင့်မျောရှုပ်ထွေးလှတဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ကူးတွေကို ထိန်းချုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ရှုမြင်သုံးသပ်ဆင်ခြင်တဲ့သဘော ဖြစ်ပါတယ်။

တရားထိုင်ရာတွင် အခြေခံလိုအပ်ချက်
၁။ တိတ်ဆိတ်သော နေရာ---
တရားထိုင်မယ်ဆိုရင် အနှောင့်အယှက်နဲ့ အသံတွေ နည်းနိုင်သမျှနည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ ထိုင်ခင်းရှိရပါမယ်။

၂။ သက်သောင့်သက်သာ ရှိသော ကိုယ်ဟန်အနေအထား---
ထိုင်းရင်း၊ လဲလျောင်းရင်း၊ ရပ်ရင်း၊ လမ်းလျှောက်ရင်းနဲ့ တခြားလှုပ်ရှားမှု မှန်သမျှ ပြုလုပ်တိုင်းမှာ တရားမှတ်လို့ ရပါတယ်။ အချိန်ကြာကြာ တရားရှုမှတ်နိုင်ဖို့ဆိုရင်တော့ ခန္ဓာကိုယ်အနေအထားဟာ သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။

၃။ အာရုံစိုက်ရှုမှတ်ရာနေရာ---
တစုံတခုကို အာရုံစိုက်ရှုမှတ်နိုင်ဖို့ဆိုတာ တရားထိုင်ခြင်းရဲ့ အစိတ်အပိုင်းတရပ်ပါ။ ဥပမာရှင်းပြရရင် တရားထိုင်တဲ့သူဟာ နှာသီးဝမှာ တိုးဝင်-တိုးထွက် နေတဲ့ ဝင်လေ-ထွက်လေကို အာရုံစိုက်ရပါမယ်။

Sunday, December 4, 2011

မကောင်းကံနှင့်ကောင်းကံ

   မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
   ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။
   စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။


မိမိပြုခဲ့သော ကံသည် မိမိအနေဖြင့် ကောင်းသည်ဟု ထင်၍ လုပ်ခဲ့ခြင်းဖြစ်စေကာမူ သေခါနီးကာလ၌ သူ့သဘောသူဆောင်ကာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့်တူသောအကျိုးပေးသည့်
သဘောကို မလွဲမသွေပြမည်ဖြစ်ပါတယ်။ ၀ရမ်းပြေး လူဆိုးသည် ရာဇ၀တ်ဘေးမှပြေး၍ လွတ်ချင်လွတ်ပါမယ်၊အကုသိုလ်ကို ပြုလုပ်ခဲ့ပါက ထိုအကုသိုလ်ကို မဂ်ဥာဏ်ဖြင့် မပယ်သတ်နိုင်လျှင် (၃၁)ဘုံ၌ ဘယ်နေရာပြေးပြေး
ယင်းအကုသိုလ်၏ပြစ်ဒဏ်မှ မလွတ်နိုင်။ ပုထုဇဉ်ဖြစ်လျှင် အပါယ်လေးပါးသို့ပင်ကျနိုင်ပါတယ်။

တစ်ခါတုန်းက ဝေဠုဝန်ကျောင်းတော်မှ မနီးမဝေးရွာတစ်ရွာတွင် အလွန်ရက်စက်သော စုန္ဒအမည်ရှိတဲ့ဝက်သတ်သမား(Pork-butcher)တစ်ယောက်ရှိခဲ့ပါတယ်။ စုန္ဒ၏ အိမ်နောက်ဖေး၌ ခြံတည်၍ မွေးမြူးထားသော
ဝက်များကလည်းမနည်းပေ၊ အလိုရှိရာဝက်ကို သယ်ဆောင်ကာ အသားများ ကြွတက်လာစေရန် ၀က်ပါးစပ်ကိုဖွင့်၍ တုတ်ဖြင့်ထောက်ထားပြီးလျှင် ကျိုက်ကျိုက်ဆူနေသော ရေကို သံခွက်ဖြင့်ခပ်ကာ ပါးစပ်ထဲ့သို့လောင်းထည့်ပါတယ်။
ထိုရေပူသည် ၀မ်းထဲမှအညစ်အကြေးများကို ယူဆောင်၍ အောက်ဒွါရမှထွက်စေတယ်။ ကျိုက်ကျိုက်ဆူနေသောရေကို ၀က်၏ကျောပေါ်လောင်းချပါတယ်။ ရေပူကြောင့် ၀က်၏ကျောမည်းမည်းကြီးဖြူဖွေးလာပါတယ်။
ကျန်သောအမွှေးများကို မီးမြိုက်၍ ပစ်တယ်၊ ထို့နောက် ဓားထက်ထက်ဖြင့် ၀က်ကို လည်ပင်းမှ ပိုင်းဖြတ်လေတော့တယ်။

Wednesday, November 30, 2011

သက်သတ်လွတ်နဲ့ ရသတဏှာ

တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။

တစ်ခါတုန်းကတော့ ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့ ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင် ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။

သူ့အလိုလိုက်၍ ကိုယ့်အလိုပြည့်အောင် လုပ်နည်း(၁၃)မျိုး



၁။ အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း

၂။ ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း

၃။ အလိုရမ္မက်ကြီးသူကို ဥစ္စာပေးခြင်းဖြင့်လည်းကောင်း

၎။ အစိုးရသူကို သူ့အမှုကိစ္စကို ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း

၅။ ရသေ့ရဟန်းတို့ကို ရိုသေလေစား ပူဇော်ခြင်းအားဖြင့်လည်းကောင်း

၆။ သတို့သမီးကို ချစ်ခြင်းအားဖြင့်လည်းကောင်း

၇။ လက်အောက်ငယ်သားတို့ကို မျှတချီးမြောက်ခြင်းအားဖြင့်လည်းကောင်း

၈။ ဒေါသအမျက်ကြီးသူကို ချီမွမ်းခြင်းအားဖြင့်လည်းကောင်း

၉။ ဆရာကို ရှိခိုးရိုသေခြင်းအားဖြင့်လည်းကောင်း

၁၀။ သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း

၁၁။ ပညာရှိကို အတတ်ပညာပေးခြင်းလည်းကောင်း

၁၂။ အစားကြူးသူကို အရသာပေးခြင်းအားဖြင့်လည်းကောင်း

၁၃။ အလုံးစုံပြည့်စုံသူကို အကျင့်သီလဖြင့်လည်းကောင်း လိုက်လျောအနိုင်ယူ အောင်နိုင်ရာ၏။

(စာဏကျနီတိ)  (Credit to အရှင်ဝိစိတ္တ (မနာပ ဒါယီ))

Friday, November 18, 2011

ကပ် ၃ ပါး


( ၁ ) ဒုဗ္ဘိက္ခန္တရ ကပ် -  သတ္တဝါ တို့ ၏ လောဘတရား ပိုမိုအားကြီးလာသောအခါ                    မိုးခေါင်ရေရှားငတ်မွတ်ခေါင်းပါး၍  သေကြေပျက်စီးခြင်းမျိုး ၊ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြရ၏ ။

( ၂ ) သတ္တန္တရကပ်   -  သတ္တဝါတို့ ဒေါသတရား ပိုမိုအားကြီးလာသောအခါ မေတ္တာရှားပါး၍ တစ်ဦးနှင့် တစ်ဦး ထိုးခုတ် ရိုက်နှက် သတ်ဖြတ်ခြင်း ဘေးရန်တို့ကြောင့် သေကြေပျက်စီးရခြင်းများမျိုး ၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ ရောက်ကြရ၏ ။

( ၃ ) ရောဂန္တရကပ်  - အနာရောဂါ ကျရောက် သေကြေပျက်စီးခြင်းမျိုး ၊ ဤသတ္တဝါတို့ကား           များသောအားဖြင့် နတ်ရွှာ သုဂတိသို့ရောက်ကြရကုန်၏ ။

အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း


အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစုစောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေသည်။

တနေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ ဆိုက်ကပ်သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက်နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။

ဥပါသကာ


            ဘုရား တရား သံဃာ ရတနာ သုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ဥပါသကာ ဟုခေါ်ဆိုရ၏ ၊
အမျိုးသမီးဖြစ်လျှင် ဥပါသိကာမ ဟုခေါ်ဆိုရ၏
             လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း ၊ ရတနာသုံးပါးအပေါ်၌
ယုံကြည်ကိုးစား အားထားခြင်း ၊ရတနာမြတ်သုံးပါး၏ တပည့်သားအဖြစ် စွဲမှတ် ခံယူခြင်း ၊ ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု

ရိုသေကိုင်းရှိုင်းမှု ပြုခြင်း စသောနည်းလမ်းတို့ဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တက်သော ပုဂ္ဂိုလ် (ဥပါသကာ ၊ ဥပါသိကာမ)

အဖြစ်သို့ ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာဖြစ်ပြီးသူများကို ”ဗုဒ္ဓဘာသာဝင် သူတော်စင်” ဟု သတ်မှတ်ရသည်။

ဝေဘူဆရာတော်၏ ဝိပဿနာ ရှုနည်း


နှာဖျား နှာဝမှာ ထွက်လေ ဝင်လေသည် အမြဲတိုက်ဝင်နေသည်။နှာဖျား နှာဝမှာ ကာယသာဒခေါ် ရုပ်အကြည်ဓါတ်က အထိခံနေသည်။

ဝင်လေထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝကို

ဥာဏ်ဖြင့် စောင့်ကြည့်ရမည်။ ထိဝင် ထိထွက်တာကို သိနေစေရမည် ။သိအောင် မှတ်နေရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ၊ ဒေါသ

မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်းနေသည်။

ဝိပဿနာဟူသည် ပစ္စုပ္ပန် ( ဖြစ်ဆဲ ) ကိုသာ ရှုမှတ်ရသည်။ နှာဝကို ဝင်လေ ထွက်လေ မထိခင် မှတ်၍လည်း မဖြစ် ၊ သိ၍လည်း မဖြစ် ၊

ထိပြီးနောက်မှ မှတ်၍ သိ၍ မဖြစ်။ ဝင်လေထွက်လေ ထိဆဲကိုသာ ”ထိတယ် ” ဟု သိနေအောင် မှတ်ရသည် ။ ထိတာကို သိနေလျှင်

ရုပ် နှင့် နာမ် သာ ရှိကြောင်း ၊ ငါ သူတစ်ပါး ယောင်္ကျား မိန်းမ မရှိကြောင်း သူတစ်ပါးကို မေးနေဖွယ်မရှိ ၊ မိမိဘာသာ သိလာလိမ့်မည်။

ဘုရား၊တရား၊သံဃာ ရတနာသုံးပါးဂုဏ်တော်များ


ဘုရားဂုဏ်တော် (၉) ပါး


(၁) အရဟံ

* အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။

* အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။

* အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။

(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့်
ပြည့်စုံခြင်း။

(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း^သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)

စိတ္တာနုပဿနာ ရှုပွားနည်း

ဤ စိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]

"ကမ္မဋ္ဌာန်းတွေ ကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာ အလျော်ဆုံး (မှန်ပါ) စိတ္တာ နုပဿနာပေါ့" (မှန်ပါ)

• စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
• အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)

ဘယ်နှစ်မျိုးတုံး (နှစ်မျိုးပါဘုရား)
ဒါဖြင့် ဖြစ်ပျက်ကို သိတယ် ဆိုပါတော့ (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်က အသေ၊(မှန်ပါ) မဂ်က အရှင် (မှန်ပါ) သူက နောက်မှ ပေါ်ရတာကိုး (မှန်ပါ) ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ် (မှန်ပါ) ဒါ- ၀ိပဿနာပဲ၊ (မှန်ပါဘုရား)

သစ္စာလေးပါး ၊ မြတ်တရား

ဖြစ်ပျက်တာက               -----------      ဒုက္ခသစ္စာ

ရှုဥာဏ်က                    -----------      မဂ္ဂသစ္စာ

သေတာက                   -----------      သမုဒယသစ္စာ

နောင်ခန္ဓာမလာတာက    -----------     နိရောဓသစ္စာ


ဒုက္ခသစ္စာ      -----------  ဆင်းရဲခြင်း  အမှန်တရား ၊ ဖြစ်ဒုက္ခ - ပျက်ဒုက္ခ ပိုင်းခြားသိရမည့် တရား ။

သမုဒယသစ္စာ -----------  ဒုက္ခဖြစ်ကြောင်း အမှန်တရား ၊ ( တဏှာ - လောဘ ) ပယ်ရမည့်တရား ။

နိရောဓသစ္စာ  -----------  ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ အမှန် ( နိဗ္ဗာန် ) မျက်မှောက်ပြုရမည့်တရား ။

မဂ္ဂသစ္စာ       -----------  ဒုက္ခသစ္စာ၏ ချုပ်ကြောင်း ၊ သမုဒယသစ္စာကို ပယ်ကြောင်း ၊
                                 နိရောဓ သစ္စာကို မျက်မှောက်ပြုကြောင်း ၊ အကျင့်မှန်တရား ( မဂ္ဂင် - ၈ ပါး ) ပွားရမည့် တရား ။

* ဂင်္ဂါဝဠ သဲစု မက ပွင့်တော်မူခဲ့ သော မြတ်စွာဘုရားတိုင်း ဟောကြားသော တရားများသည်
 ( ဤ သစ္စာ - ၄ ပါး ) ကို အခြေခံသော တရားများသာ ဖြစ်ပါသည် ။ *

ရပ်ပြစ် ၈ ပါး

( ၁ ) ငရဲဘုံ၌ ဖြစ်သောသူ ၊

( ၂ ) တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ ၊

( ၃ ) ပြိတ္တာဘုံ၌ ဖြစ်သောသူ ၊

( ၄ ) အသညသတ်ပုံ , အရူပဘုံတို့၌ ဖြစ်နေသူ ၊

( ၅ ) မဇ္ဈိမတိုက် ဘုရားပွင့်ခိုက်၌ ပဋိသန္ဓေအားဖြင့် ချို့တဲ့စွာ လူဖြစ်နေသူ ၊

( ၆ ) မဇ္ဈိမတိုက်ဘုရားလက်ထက်၌ တိဟိတ်ပဋိသန္ဓေ တည်နေသူ ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ယူနေသူ ၊

( ၇ ) မစ္စန္တရဌ်ခေါ် သာသနာမဲ့ ရာ အရပ်မျိုး ၊

( ၈ ) ဗုဒၶသုညေခၚ သုညေခၚ သုညကမ ၻာ၌ မဇၩိမတိုက္သားစု ။

နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

ဆုတောင်းခြင်း - ၊အရှင်ကေ၀လ(အလင်းစက်)

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊