Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Thursday, November 24, 2011

ကုသိုလ်ဖြစ် လိပ်လွှတ်ကြသူများ သတိပြုဖွယ်


       ဘုရားကျောင်းကန်များနှင့် လိပ်ဘေးမဲ့ကန်များ၌ကုသိုလ်ဖြစ် လိပ်လွှတ်သူများသည် မိမိတို့လွှတ်လိုသော လိပ်အား ဂရုပြု လွှတ် သင့်ကြောင်း သိရသည်။ အုတ်ပတ်လည်ဖြင့် တည်ဆောက်ထား သော ရေကန်များ၌ လိပ်မွေးမြူထားခြင်းသည် လိပ်များ၏ ဘ၀ ရှင်သန်ခွင့်၊ ဥဥခွင့်များ မရရှိနိုင်ကြောင်း သိရသည်။ ဘုရား ကျောင်း ကန်များ၌ လိပ်များအား ကုသိုလ်ဖြစ် လွှတ်ကြသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်သော စိတ်ပင်ဖြစ်သော်လည်း မိမိ တို့ လွှတ်လိုက်သည့် လိပ်မှာ ကုန်းလိပ်ဖြစ်နေပါက ထိုလိပ်၏ အသက်ရှင်သန်ခွင့်ကို ထိခိုက်နိုင်သည့်အပြင် ရေချိုလိပ်များအား မှန်၊ အုတ်ကန်တို့ဖြင့် တည်ဆောက်ထားသည့် ကန်များတွင် မွေးမြူ ပါ က လိပ်မ များတွင် ဥဥနိုင်မည်မဟုတ်ကြောင်း သိရသည်။
            မည်သည့်လိပ်မျိုးမဆို ကုန်းပေါ်၌သာ ဥဥတတ်ကြပြီး မြေကြီး၏ အပူချိန်နှင့် သဲအပူချိန်တို့ရမှသာ ဥပေါက်နိုင်၍ ကုသိုလ်ဖြစ် လိပ်လွှတ်မည်ဆိုပါက ကုန်းလိပ်ကို ကုန်းပေါ်၌သာ လွှတ်ကြရန်နှင့် လိပ်မွေးကန်များတွင်လည်း ကုန်းမြေ ( သို့မဟုတ် ) သဲများ ပြုလုပ်ထားရှိပေးရန် လိုအပ်ကြောင်း လိပ်အကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ တွင် ကုန်းလိပ်၊ ရေချိုလိပ်၊ ပင်လယ်လိပ်ဟူ၍ ၃၂ မျိုးခန့်ရှိပြီး ကုန်းလိပ် လေးမျိုး ကို သိထားပါက လိပ်များကို ဘေးမဲ့ လွှတ်ရာ၌ ထိုလိပ်များ၏ အသက် ရှင်သန်မှုကို မထိခိုက်နိုင်သောကြောင့် ကုန်းလိပ်နှင့်ရေလိပ် ခွဲခြားသိပြီး လွှတ်သင့် ကြောင်း ပြောကြား သည်။