Friday, November 18, 2011

ကပ် ၃ ပါး


( ၁ ) ဒုဗ္ဘိက္ခန္တရ ကပ် -  သတ္တဝါ တို့ ၏ လောဘတရား ပိုမိုအားကြီးလာသောအခါ                    မိုးခေါင်ရေရှားငတ်မွတ်ခေါင်းပါး၍  သေကြေပျက်စီးခြင်းမျိုး ၊ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြရ၏ ။

( ၂ ) သတ္တန္တရကပ်   -  သတ္တဝါတို့ ဒေါသတရား ပိုမိုအားကြီးလာသောအခါ မေတ္တာရှားပါး၍ တစ်ဦးနှင့် တစ်ဦး ထိုးခုတ် ရိုက်နှက် သတ်ဖြတ်ခြင်း ဘေးရန်တို့ကြောင့် သေကြေပျက်စီးရခြင်းများမျိုး ၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ ရောက်ကြရ၏ ။

( ၃ ) ရောဂန္တရကပ်  - အနာရောဂါ ကျရောက် သေကြေပျက်စီးခြင်းမျိုး ၊ ဤသတ္တဝါတို့ကား           များသောအားဖြင့် နတ်ရွှာ သုဂတိသို့ရောက်ကြရကုန်၏ ။

No comments:

Post a Comment