Showing posts with label Myanmar News. Show all posts
Showing posts with label Myanmar News. Show all posts

Wednesday, January 4, 2012

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့ မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည်

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့ မြန်မာနိုင်ငံသို့ မကြာမီ သုံးရက်ကြာ လာရောက်မည်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ အစိုးရဌာန အကြီးအကဲများ၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားနိုင်ငံရေးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တွင် ဒိန်းမတ်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုသွားမည်ဟု လည်း သိရသည်။
သတင်းစာဆရာတစ်ဦး အဖြစ် လည်း ဆောင်ရွက်ခဲ့ဖူးသည့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့သည် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၃ ရက်နေ့မှ စတင်ထမ်း ဆောင်နေသူဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဒိန်းမတ်နိုင်ငံသည် ပံ့ပိုးခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်များအတွက် အလှူရှင်များ၏ စုပေါင်းရန်ပုံငွေတွင် ထည့်သွင်းခြင်း အားဖြင့်လည်းကောင်း၊ နိုင်ငံတကာ နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် စီမံချက်များ ပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ပံ့ပိုးကူညီပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိသည်ဟု ဆိုသည်။

Thursday, December 29, 2011

 မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား






AddThis Social Bookmark Button
b39_18_1 မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
b39_18_2 အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ (ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

Tuesday, November 29, 2011

၂၀၁၂ ခုနှစ် AFC ဖလား ပြိုင်ပွဲသို့ မြန်မာကလပ် (၂)သင်း ၀င်ပြိုင်ခွင့် ရမည်

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှ ကလပ် အသင်းများ အနေဖြင့် ၂၀၁၂ အေအက်ဖ်စီ ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကလပ်အသင်း တာဝန်ရှိသူများသည် ၂၀၁၂ အေအက်ဖ်စီ ဖလားပွဲသို့ နေရှင်နယ်လိဂ် ကလပ်များ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် ကြိုးပမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ရာ ယခုအခါ အသင်း (၂)သင်းအား ၂၀၁၂ ခုနှစ် ပြိုင်ပွဲမှ စ၍ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ အေအက်ဖ်စီ စည်းမျဉ်းများ အရ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၁ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှာ ပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ပြိုင်ခွင့် ရရှိခဲ့ပြီး ဒုတိယ ရရှိခဲ့သည့် ဧရာဝတီ ယူနိုက်တက် မှာမူ ခြေစစ်ပွဲ အဆင့်မှ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

ဧရာဝတီ ယူနိုက်တက် အသင်းသည် ခြေစစ်ပွဲ ပွဲစဉ်အဖြစ် မလေးရှား ကလပ် တာရင်ဂန်နူ အသင်းနှင့် ၂၀၁၂ ဖေဖော်ဝါရီ လအတွင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
http://www.soccermyanmar.com/   မှ တဆင့်ကူးယူတင်ပြသည် 

ကျန်းမာချမ်းသာကြပါစေဗျာ

Thursday, November 24, 2011

Lonely Planet က ရွေးချယ်သော ခရီးသွားရန်အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ဒုတိယရရှိ




ကမ္ဘာလှည့်ခရီးသည်များ၏ ယုံကြည်မှုရရှိထားသော Lonely Planet ခရီးသွားလမ်းညွှန်စာအုပ်တွင် ၂၀၁၂ ခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံတွင် ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော်ပြထားကြောင်း သတင်းရရှိသည်။

            မြန်မာနိုင်ငံနှင့်ပတ်သတ်၍ Lonely Planet ၏ ထုတ်ပြန်ချက်တွင် ရွှေတိဂုံစေတီတော်အကြောင်း၊ တောင်ကုန်းများ၊ သဲအဖြူရောင်ကမ်းခြေများ ၀ိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟု ညွှန်းဆိုထားပြီး နိုင်ငံအတွင်း၌ လည်း ရှေးဟောင်းမြို့များ၊ မရေတွက်နိုင်သော ဘုရားများနှင့် ပုဂံဒေသအကြောင်းကိုလည်း ဖော်ပြထားကြောင်း သိရှိရသည်။

            Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀ နိုင်ငံမှာ -

Wednesday, November 23, 2011

မြန်မာ တတိယ ရ၍ ကတိအတိုင်း ကတုံးတုံး လိုက်ရသည့် မီဒီယာ ဒါရိုက်တာ

ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် တတိယ ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ရာ နောက်ဆက်တွဲ ရလဒ် တစ်ခု အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်သည် ကတုံးတုံး ခဲ့ရသည်ဟု သိရသည်။

ဦးစိုးမိုးကျော်သည် မြန်မာ ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှားသို့ လိုက်ပါ သွားခဲ့သည့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များထဲမှ တစ်ဦးဖြစ်ပြီး တတိယ လုပွဲ မတိုင်မီတွင် ကစားသမား များအား ကြေးတံဆိပ် ရပါက မိမိ ကတုံးတုံးမည်ဟု လောင်းကြေး ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးစိုးမိုးကျော်က ကစားသမား များအနေဖြင့် မခံချင်စိတ် ဖြစ်လာအောင် မြှောင့်ပင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ကတုံးဆံပင်နှင့် မလိုက်သော်လည်း ကျေနပ်ပါကြောင်း၊ မြန်မာအသင်းသာ အောင်မြင်မှု ရမည်ဆိုပါက နောက်ထပ်လည်း ကတုံးတုံးရန် အသင့် ရှိပါကြောင်း ဖွင့်ဟခဲ့သည်။

"ဘယ်လို ပြောရမှန်း မသိအောင် ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်၊ တကယ်ဆိုရင် ကျွန်တော့် ဆံပင်ပုံစံနဲ့ ရုပ်ရည်က ကတုံးနဲ့ လုံးဝ မလိုက်ဖက်ပါဘူး၊ ကတုံးတုံး လိုက်တော့ နဖူးပြောင်တာ ပိုသိသာပြီး ရုပ်ပိုဆိုး သွားတယ်ဗျ၊ ဆံပင်ညှပ် ဆိုင်က လူကတောင် ဆရာ့ပုံစံက ကတုံးနဲ့ မလိုက်ဘူးလို့ ပြောသေးတယ်၊ ဒါပေမဲ့ ကျွန်တော်အရမ်း ကျေနပ်တယ်" ဟု ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

ကတုံးဆံပင်နှင့် တွေ့ရသည့် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်