Showing posts with label Sport News. Show all posts
Showing posts with label Sport News. Show all posts

Tuesday, December 20, 2011

ဂွာဒီယိုလာ လက်ထက် ဘာစီလိုနာ အသင်းသည် သမိုင်းတွင် အကောင်းဆုံးဟု ရိုဆဲလ်ကြွေးကြော်

ဂျိုးဆက် ဂွာဒီယိုလာ လက်ထက်တွင် ဘာစီလိုနာသည် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း ဖြစ်လာကြောင်း အသင်း ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ကြွေးကြော်လိုက်သည်။

ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ ကလပ် အသင်းကြီးသည် လွန်ခဲ့သည့် (၃)နှစ်တာ ကာလအတွင်း နည်းပြ ဂွာဒီယိုလာ၏ ဦးဆောင်မှုနှင့် အတူ အကြီးကျယ်ဆုံးသော အောင်မြင်မှုများကို ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း လီယွန်နယ်မက်ဆီ၊ ဇာဗီဟာနန်ဒက်ဇ်၊ ဆက်စ်ဖာဘရီဂက်စ် တို့၏ သွင်းဂိုးများနှင့် အတူ ဂျပန်မြေတွင် တောင်အမေရိက ချန်ပီယံ ဆန်းတို့စ်ကို ချေမှုန်းကာ ကမ္ဘာ့ကလပ် ချန်ပီယံ ဘွဲ့ကို ထိုက်တန်စွာ ရယူခဲ့ပြီးနောက် ရိုဆဲလ်က ယခုလို ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ကလပ် ချန်ပီယံဘွဲ့အား ရယူပေးခဲ့သည့် ဂွာဒီယိုလာ

မြန်မာအသင်း အပေါ် အလွန်အကျွံ မမျှော်လင့်ကြရန် ပတ်ဆောင်ဟွာ သတိပေး

မြန်မာ အသင်း၏ နည်းပြချုပ် အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်နေ့က တရားဝင် စတင် တာဝန်ယူ ခဲ့ပြီဖြစ်သည့် ကိုရီးယား လူမျိုး နည်းပြချုပ် ပတ်ဆောင်ဟွာက မြန်မာအသင်း အပေါ် အလွန်အကျွံ မမျှော်လင့် ကြရန် ပရိသတ်များကို သတိပေး လိုက်သည်။
“မြန်မာ အသင်းဟာ လက်ရှိမှာ အာဆီယံ ထိပ်သီး အဆင့်ကို မရောက်သေး ပါဘူး။ မြန်မာအထက်မှာ ထိုင်း၊ မလေးရှားတို့ ရှိနေပါ သေးတယ်။ ကျွန်တော့် တာဝန်က ဒီအသင်း တွေကို လိုက်မီအောင် ပထမဆုံး လုပ်ပါမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ သူတို့ကို ကျော်တက်ပါမယ်။ ဒီလို တစ်ဆင့်ခြင်း ကြိုးပမ်းရင် တစ်ချိန်မှာ မြန်မာ့ဘောလုံး အဆင့် အတန်းဟာ အာရှ အဆင့်ကို ပြန်ရောက်လာပါ လိမ့်မယ်။ ဒါကြောင့် အသင်းအပေါ် စိတ်ရှည်ကြပါ။ အလွန်အကျွံ မမျှော်လင့် ကြပါနဲ့” ဟု ပတ်ဆောင်ဟွာက မြန်မာဘောလုံး ပရိသတ် များကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။ 



ကိုရီးယား လူမျိုး နည်းပြချုပ် ပတ်ဆောင်ဟွာ

Friday, December 16, 2011

မလေးရှား တပ်မတော် အသင်းအား ရန်ကုန် အသင်း (၅-၃)ဂိုးဖြင့် အနိုင်ယူ



ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က Yangon United Sports Complex ရှိ မြက်ခင်းတုကွင်းတွင် မလေးရှား တပ်မတော်အသင်း ( (ATM FA) နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ချစ်ကြည်ရေး ခြေစမ်း ကစားရာ ရန်ကုန် ယူနိုက်တက် အသင်းက (၅-၃)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ပထမပိုင်း ၇ မိနစ်တွင် မလေးရှား တပ်မတော် အသင်း အတွက် Chritee Jayaseelan က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ရာဇာဝင်းသိန်းက ရန်ကုန် ယူနိုက်တက် အ သင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့သည်။


ပွဲမကစားမီ လက်ဆွဲနှုတ်ဆက်စဉ်

ပွဲချိန် ၁၃ မိနစ်နှင့် ပွဲချိန် ၂၆ မိနစ်တို့တွင် ဆာဘီးယား တိုက်စစ်မှူး မီလန်က ရန်ကုန် အသင်း အတွက် နှစ်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၄၃ မိနစ်တွင် မလေးရှား တပ်မတော် အသင်း အတွက် Mohamad ZaguanAdha က ချေပဂိုး တစ်ဂိုး သွင်းယူကာ (၃-၂)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

Tuesday, December 6, 2011

တစ်နှစ်တာ အကောင်းဆုံး အသင်း၏ ရွေးချယ်ခံ လူစားရင်း ထုတ်ပြန်

ယူအီးအက်ဖ်အေသည် (၂၀၁၁) ခုနှစ်၏ အကောင်းဆုံး အသင်းအတွက် ရွေးချယ်ခံ ရမည့် ပဏာမ လူ (၅၅) ဦးစားရင်းအား ထုတ်ပြန် ကြေငြာခဲ့သည်။
ယခု အသင်းတွင် နေရာတစ်နေရာ အတွက် အများဆုံး ရွေးချယ်မှု အဖြစ် လူ (၅) ဦးစီပါဝင် နေပြီး အဆိုပါ (၅) ဦးစီမှ အကောင်းဆုံး ကစားသမား တစ်ဦးစီအား ပရိသတ်များမှ မဲပေးရွေးချယ် ရမည် ဖြစ်ပြီး အကောင်းဆုံး (၁၁) ယောက် စာရင်းကိုတော့ လာမည့် (၂၀၁၂) ဇန်န၀ါရီ (၁၈) ရက်နေ့တွင် ကြေငြာမည် ဖြစ်သည်။ယခု (၅၅) ဦးစာရင်းတွင် ဘာစီလိုနာ အသင်းမှ နည်းပြ ဂွာဒီယိုလာ အပါအ၀င် ကစားသမား (၈) ဦးထိ ပါဝင်ခဲ့ပြီး လျာထားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ယခုလို ရွေးချယ်မှုမှာ ပြီးခဲ့သော နှစ်က အသင်း၏ ပြည်တွင်းလိဂ် အောင်မြင်မှု၊ဥရောပ ပြိုင်ပွဲများတွင် အောင်မြင်မှုများကို ထည့်သွင်းတွက်ချက်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး လူငယ် ပါရမီရှင် ကစားသမားများပါ ပါဝင်လာကြောင်း တွေ့ရသည်။ယမန်နှစ်က ကိုပါဒယ်လ်ရေး ဖလားကို ရယူနိုင် ခဲ့သည့် ရီးရဲလ် နည်းပြ မော်ရင်ဟို နှင့် စီးရီးအေ ဖလားကို ရယူနိုင် ခဲ့သည့် အေစီနည်းပြ အယ်လ်လီဂရီတို့မှာလည်း အကောင်းဆုံး နည်းပြနေရာတွင် ပါဝင်နေသည်။
uefa
ရွေးချယ်ခံထား ရသည့် (၅၅) ဦးစာရင်း
Goalkeepers:
Manuel Neuer (Bayern Munich)
Edwin van der Sar (Retired)
Iker Casillas (Real Madrid)
Victor Valdes (Barcelona)
Joe Hart (Manchester City)