ကမ ၻာလွည့္ခရီးသည္မ်ား၏ ယုံကြည်မှုရရှိထားသော Lonely Planet ခရီးသွားလမ်းညွှန်စာအုပ်တွင် ၂၀၁၂ ခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံတွင် ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့်ပတ်သတ်၍ Lonely Planet ၏ ထုတ်ပြန်ချက်တွင် ရွှေတိဂုံစေတီတော်အကြောင်း၊ တောင်ကုန်းများ၊ သဲအဖြူရောင်ကမ်းခြေများ ၀ိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟု ညွှန်းဆိုထားပြီး နိုင်ငံအတွင်း၌ လည်း ရှေးဟောင်းမြို့များ၊ မရေတွက်နိုင်သော ဘုရားများနှင့် ပုဂံဒေသအကြောင်းကိုလည်း ဖော်ပြထားကြောင်း သိရှိရသည်။


Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀ နိုင်ငံမှာ -
၁။ ယူဂန်ဒါ
၂။ မြန်မာ
၃။ ဂျော်ဒန်
၎။ ဂျာဗား
၅။ ယူကရိန်း
၆။ ဒိန်းမတ်
၇။ ဘူတန်
၈။ ကျူးဘား
၉။ နယူးကာလီဖိုးနီးယား
၁၀။ ထိုင်ဝမ်နှင့် ဆွစ်ဇာလန် နိုင်ငံတို့ ဖြစ်သည်။
No comments:
Post a Comment