ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က Yangon United Sports  Complex ရှိ မြက်ခင်းတုကွင်းတွင် မလေးရှား တပ်မတော်အသင်း ( (ATM FA) နှင့်  ရန်ကုန် ယူနိုက်တက် အသင်းတို့ ချစ်ကြည်ရေး ခြေစမ်း ကစားရာ ရန်ကုန်  ယူနိုက်တက် အသင်းက (၅-၃)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
 ပထမပိုင်း ၇ မိနစ်တွင် မလေးရှား တပ်မတော် အသင်း အတွက် Chritee  Jayaseelan က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင်  ရာဇာဝင်းသိန်းက ရန်ကုန် ယူနိုက်တက် အ သင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ  ပေးခဲ့သည်။
 ပွဲချိန် ၁၃ မိနစ်နှင့် ပွဲချိန် ၂၆ မိနစ်တို့တွင် ဆာဘီးယား  တိုက်စစ်မှူး မီလန်က ရန်ကုန် အသင်း အတွက် နှစ်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန်  ၄၃ မိနစ်တွင် မလေးရှား တပ်မတော် အသင်း အတွက် Mohamad ZaguanAdha က  ချေပဂိုး တစ်ဂိုး သွင်းယူကာ (၃-၂)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း အစ ၅ မိနစ် အကြာတွင် မလေးရှား တပ်မတော် အသင်း၏ လူစားဝင်  ကစားသမား Hairdddin Bin Omar က ခေါင်းတိုက် ဂိုးသွင်းကာ ၃ ဂိုးစီ သရေ  ဖြစ်နေခဲ့သည်။
 ရန်ကုန် အသင်း အနိုင် ရရှိရေး အတွက် ကစားအား တင်ကစား လာသလို မလေးရှား  တပ်မတော် အသင်းကလည်း တိုက်စစ်ဖွင့် ကစားခဲ့ရာ ပွဲက မြန်ဆန် သွက်လက်ပြီး  ခြေစမ်းပွဲ ဆိုသည်ထက် ပြိုင်ပွဲတစ်ပွဲ အသွင် ဆောင်လာခဲ့သည်။
 ပွဲချိန် ၆၆ မိနစ်တွင် ကြည်လင်း၏ တစ်ကိုယ်တော် ထိုးဖောက်  ကန်သွင်းမှုဖြင့် ရန်ကုန် အသင်း ဂိုးရရှိပြီး (၄-၃)ဂိုးဖြင့် ပွဲကို  ဦးဆောင်ခဲ့သည်။
 မိနစ် ၉၀ စေ့၍ နာကျင် အချိန်ပို ၁ မိနစ်တွင် ညာတောင်ပံမှ ဒေးဗစ်ထန်း၏  တိကျသည့် ဖြတ်တင်ဘောကို ရန်ကုန် အသင်း၏ လိုင်ဘေးနီးယား တိုက်စစ်မှူး  ဖရန့်စစ်ဖာကီက အပိုင် ပိတ်သွင်းပြီး ရန်ကုန် အသင်း (၅-၃)ဂိုးဖြင့် အနိုင်  ရရှိခဲ့သည်။
http://www.myanmarstriker.com/ မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာကြပါစေဗျာ
http://www.myanmarstriker.com/ မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာကြပါစေဗျာ

No comments:
Post a Comment